မော်စကို/ဟယ်လ်ဆင်းကီး ၊ မေ ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် ဖင်လန်နိုင်ငံသမ္မတ Sauli Niinisto နှင့် မေ ၁၄ ရက်တွင် ဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး ဖင်လန်နိုင်ငံ၏ မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့ထဲဝင်ရောက်ရေးနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
နယူးယောက်၊ မေ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် အမေရိကန်နိုင်ငံသား ၁သန်း သေဆုံးခဲ့ရပြီးနောက် ဝမ်းနည်းဖွယ်ရာသမိုင်းမှတ်တိုင် ဖြစ်ရပ်ဆိုးတစ်ခုဖြစ်လာခဲ့သည်။ ကျွမ်းကျင်သူများက အမေရိကန်နိုင်ငံအစိုးရ၏ ဖြစ်ကတတ်ဆန်းတုံ့ပြန်မှု၊ ကပ်ရောဂါနှင့်ရင်ဆိုင်ရချိန်တွင် လူ့အသက်များကိုတန်ဖိုးမထားမှုများကြောင့် ယခုကဲ့သို့ သေဆုံးမှုများ တိုးမြင့်ခဲ့ခြင်းဖြစ်ကြောင်း အပြစ်တင်ခဲ့ကြသည်။ (Xinhua) ……………………………………. (English Version)...
ရှန်ဟိုင်း၊ မေ ၁၄ ရက် (ဆင်ဟွာ) နက္ခတ္တဗေဒပညာရှင်များက နဂါးငွေ့တန်းကြယ်အစုအဝေးအလယ်ဗဟိုတွင်ရှိသည့် အလွန်ထုထည်ကြီးမားသော တွင်းနက်ကြီး၏ ပထမဆုံးပုံရိပ်ကို မေ ၁၂ ရက်တွင်ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ ပုံရိပ်ကို Event Horizon Telescope (EHT) ဟု ခေါ်ဆိုသည့် ကမ္ဘာ့သုတေသနအဖွဲ့တစ်ဖွဲ့က တစ်ကမ္ဘာလုံးရှိ ရေဒီယို တယ်လီစကုတ်ကွန်ရက်မှ စူးစမ်းလေ့လာမှုများကိုအသုံးပြုကာ...
ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ (COVID-19) ရောဂါကြောင့် သေဆုံးသူမှာ ကမ္ဘာ့အများဆုံးဖြစ်ပြီး အရေအတွက်အားဖြင့် ၁ သန်းအထိ ရောက်ရှိလာခဲ့ကာ ယင်းဖြစ်ရပ်ကို “ဝမ်းနည်းဖွယ်ရာသမိုင်းမှတ်တိုင်” အဖြစ် သမ္မတ ဂျိုးဘိုင်ဒန်က မေ ၁၂ ရက်၌ ပြောကြားခဲ့သည်။ “တစ်ဦးတစ်ယောက်စီတိုင်းက အစားထိုးမရနိုင်တဲ့...
ပြုံယမ်း၊ မေ ၁၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းသည် အရေးပေါ်ကူးစက်ရောဂါ ကာကွယ်ရေးဌာနချုပ်သို့ သွားရောက်စဉ် ကိုဗစ်-၁၉ (COVID-19) ရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရန် အလျင်အမြန်ဆောင်ရွက်ရေးအတွက် မေ ၁၂ ရက်က တိုက်တွန်းခဲ့ကြောင်း Korean Central News Agency က သတင်းဖော်ပြခဲ့သည်။...