ပေကျင်း၊ မေ ၁၁ ရက်(ဆင်ဟွာ) သွားလာရခက်ခဲမှုကြောင့် ဗြိတိန် ဘုရင်မကြီး အဲလိဇဘက် (၂)သည် ဒေသစံတော်ချိန် မေ ၁၀ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ဗြိတိန်လွှတ်တော် နှစ်သစ်ဖွင့်ပွဲအခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်းမှာ သူမ၏ နှစ်ပေါင်း ၆၀ နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အစဉ်အလာအခမ်းအနားသို့...
ပေကျင်း၊ မေ ၁၁ ရက်(ဆင်ဟွာ) ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော အမေရိကန် “USS Port Royal” ခရုဇာစစ်ရေယာဉ်သည် ထိုင်ဝမ်ရေလက်ကြားအား ဖြတ်သန်းမောင်းနှင်ကာ ပြောင်ပြောင်တင်းတင်ပုံကြီးချဲ့ခဲ့ကြောင်း တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ကြည်းတပ် ဗိုလ်မှူးကြီး စီရိက ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊ မေ ၁၁ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂသည် ယခုနှစ်အတွင်း ဆီးရီးယားသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၁.၅ ဘီလီယံအထိ တိုးမြင့်ထောက်ပံ့မည်ဟု ကတိပြုကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင်ကိုယ်စားလှယ် Josep Borrell က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ် ၊ မေ ၁၁ ရက်(ဆင်ဟွာ) ယူကရိန်းအစိုးရအဖွဲ့သည် ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားပိုင်ဆိုင်မှုများအား သိမ်းယူရေးကို အတည်ပြုခဲ့ကြောင်း ဝန်ကြီးချုပ် Denys Shmyhal က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဟာဗားနား ၊ မေ ၁၁ ရက်(ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်က ကျူးဘားနိုင်ငံဟာဗားနားမြို့လယ်ရှိ သမိုင်းဝင် ဟိုတယ်တစ်လုံး ပေါက်ကွဲမှုဖြစ်စဉ်အတွင်း မေ ၁၀ ရက်က အပျက်အစီးပုံများအကြား နောက်ထပ် ရုပ်အလောင်း ၂ လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူ အရေအတွက်သည် ၄၂ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း တရားဝင်သတင်းအရင်းအမြစ်များအရ...