ဗလာဒီဗော့စတော့ခ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) နန်ကျင်းလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၏ သမိုင်းဖြစ်ရပ်မှန်ကို ငြင်းပယ်၍မရ ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ဒီဇင်ဘာ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ခေါင်းဆောင်များက ၂၀၂၆ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းဆောင်တာအတွက် ဦးစားပေးချက်များ ဆုံးဖြတ်ခဲ့သည်နှင့်အညီ ဗဟို စီးပွားရေးလုပ်ငန်း နှစ်ပတ်လည်ကွန်ဖရင့်ကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ မြို့တော် ပေကျင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ)၊ ဆော်ဒီအာရေဗျနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံတို့သို့ ဒီဇင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။
လားဆ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) လက်ရှိတွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ချန်းထန် သဘာဝထိန်းသိမ်းရေးနယ်မြေ၊ ရှင်းကျန်းဒေသ အားအယ်လ်ကျင်းဆန်း သဘာဝထိန်းသိမ်းရေးနယ်မြေတွင် နေထိုင်လျက်ရှိသည့် ရှီးဇန့်ဒရယ်ငယ်လေးများက “ချစ်ကြိုက်ကြသည့်ရာသီ” သို့ ဝင်ရောက်နေပြီဖြစ်သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) Dato Erywan Pehin Yusof တို့ ဒီဇင်ဘာ ၁၁ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။