ဝူဟန့်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ကိုရိုနာအဆုတ်ရောင်ရောဂါ အတည်ပြုလူနာများအား ပထမအသုတ်အဖြစ် ဝူဟန့် လေးဆန်ဆန်းဆေးရုံက ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီတွင် စတင်လက်ခံကုသပေးနေပြီဖြစ်သည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရခက်ဆီးမားမြို့ ဈေးဝယ်စင်တာတွင် တိုက်ခိုက်သူ သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၅ နာရီ မိနစ် ၃၀ ခန့်က အသေပစ်ခတ်ဖမ်းမိခဲ့ကြောင်း ဒေသခံသတင်းမီဒီယာများ၏ ဖေဖော်ဝါရီ ၉ ရက်သတင်းများအရ သိရသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရချက်ဆီးမားမြို့(Nakhon Ratchasima)၌ ဖေဖော်ဝါရီ ၈ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ လက်ရှိတွင် လူ ၂၀ သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းများအရ သိရသည်။