ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)/ရေးသားသူ အေးလပြည့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ (၈၁)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရသူ (၂၀)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၁၄)ဦးအားရွေးကောက်ပွဲတင်မြှောက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၁ရက် နံနက် (၉)နာရီ နှင့် နေ့လည် (၁၂)နာရီ တို့တွင် အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။
ပါရီ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဥရောပတိုက်၏ အကြမ်းဖက်တိုက်ဖျက်ရေးအခြေအနေနှင့်ရင်ဆိုင်ဖြေရှင်းရေးနည်းလမ်းများကို အဓိကထားဆွေးနွေးသည့် ဗွီဒီယိုကွန်ဖရင့်တစ်ခုကို ပြင်သစ် သမ္မတ မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့က နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် နယ်ပယ်စုံတွင် ခိုင်မာစွာပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံစုံပါဝင်ရေးဝါဒကို ပူးတွဲထိန်းသိမ်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်းရေးကို တောင့်တင်းခိုင်မာစေရေးအတွက် နိုဝင်ဘာ ၁၀ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။၂၀...
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တောင်သူလယ်သမားများ ၏ စိုက်ပျိုးရေးအတွက် ချေးငွေအပေါ် အတိုးနှုန်းတစ်နှစ်လျှင် ၅ရာခိုင်နှုန်းဖြင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က ဆင်ဟွာသို့ နိုဝင်ဘာ ၁၁ ရက်တွင်ပြောကြားသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူအသစ် ၄၄,၂၈၁ ဦးရှိခဲ့ရာ နိုဝင်ဘာ ၁၁ ရက်အထိ စုစုပေါင်း ကူးစက်ခံရသူ ၈,၆၃၆,၀၁၁ ဦး ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့်...