ဝါရှင်တန်၊နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒီမိုကရက်တစ်ပါတီ ကွန်ဂရက်လွှတ်တော်အမတ်များက စစ်လက်နက်များရောင်းချခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်နေစဉ်အတွင်းမှာပင် F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်များကို အာရပ်စော်ဘွားများပြည်ထောင်စု(UAE) သို့ ရောင်းချပေးသွားရန် နိုဝင်ဘာ ၁၀ ရက်က အတည်ပြုလိုက်ကြောင်းသိရသည်။
ချင်းသောင်၊နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ ကျောင်းကျိုးရှိ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ဘက်စုံသယ်ယူပို့ဆောင်ရေး သရုပ်ပြဇုန်တွင် အလယ်အာရှ၊ တရုတ်-တောင်ကိုရီးယား၊ တရုတ်-မွန်ဂိုးလီးယား၊ တရုတ်-ဥရောပ(ရုရှား)၊ အာဆီယံသီးသန့်၊ တရုတ်-ဥရောပ(ဘီလာရုဇ်)စသည့် နိုင်ငံတကာ သယ်ပို့ဆောင်ရေးလမ်းကြောင်း ၆ ခုအပါအဝင် လက်ရှိပြည်တွင်းပြည်ပသယ်ယူပို့ဆောင်ရေးလမ်းကြောင်း စုစုပေါင်း ၁၇ ခု ရှိကြောင်း...
ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ယခုအချိန်သည် COVID-19 ရောဂါ ပြန့်ပွားနိုင်သည့် အန္တရာယ်ကြီးမားနေသည်ဖြစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်နှင့် ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ နိုဝင်ဘာ...
ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်း အနိုင်ရရှိမှု အရေအတွက်မှာ အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်ရရှိနေပြီ ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ဆင်ဟွာသို့ ယနေ့ တွင်...
ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၂၆၆ ဦးတွေ့ရှိခဲ့ပြီးဆေးရုံဆင်းခွင့်ရရှိသူ ၇၅၀ ဦးနှင့် သေဆုံးလူနာ ၂၄ ဦးအသီးသီးရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ညပိုင်းထုတ်ပြန်မှုအရသိရသည်။