ဖနွမ်းပင် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် သုံးရက်တာကြာမြင့်သော ရိုးရာနှစ်သစ်ကူး သို့မဟုတ် ဆောင်ခရန် (Songkran) ပွဲတော်ကာလသည် ခရီးသွားဧည့်သည်များအား ဆွဲဆောင်ရာနေရာအသီးသီးသို့ သွားရောက်ကြသည့် ခရီးသွားဧည့်သည် ၄ ဒသမ ၅၉ သန်းနှင့်အတူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး Thong Khon က...
ဘရပ်ဆဲလ်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) က လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း ပဋိပက္ခဒဏ်ခံစားနေရသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယူရို သန်း ၅၀ ထပ်မံ ခွဲဝေသတ်မှတ်ကြောင်း ဧပြီ ၁၇ ရက် အီးယူထုတ်ပြန်ချက်အရ သိရသည်။
မော်စကို၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့တွင် Azovstal သံ၊သံမဏိစက်ရုံမှလွဲ၍ မြို့ပြနေရာအားလုံးကို ရုရှားတပ်များ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ၊ယူကရိန်းစစ်တပ် လက်ကျန်အင်အားနှင့် ကြေးစားတပ်များမှာ Azovstal သံ၊သံမဏိစက်ရုံအတွင်း ပိတ်မိနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkovက ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ နိုင်ငံရေးမတည်ငြိမ်မှု နှင့် ဆိုးရွားသော စီးပွားရေးအကျပ်အတည်းတစ်ခုရင်ဆိုင်ကြုံတွေ့နေရစဉ်အတွင်းမှာပင် ယနေ့(ဧပြီ ၁၈ ရက်) တွင် အစိုးရအဖွဲ့ထဲသို့ ဝန်ကြီးအသစ် ၁၇ ဦး ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်၍ ဝင်ရောက်ခဲ့ကြောင်း သိရသည်။