အစ္စလာမ်မာဘတ် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၏ ၂၃ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် Shahbaz Sharif သည် ဧပြီ ၁၁ ရက် ညပိုင်းတွင် သမ္မတအိမ်တော်၌ ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ရုရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဥရောပနိုင်ငံတစ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးအပ်ခဲ့သည့် လေကြောင်းရန်-ကာကွယ်ရေးကိရိယာများကို ချေမှုန်းဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၂ ရက်တွင်ပြောကြားခဲ့သည်။
မနီလာ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ပြီးခဲ့သောသီတင်းပတ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဧပြီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အော့တဝါ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံအနေဖြင့် ရုရှားကာကွယ်ရေးကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်လိုက်ကြောင်း ဧပြီ ၁၁ ရက်တွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ကြေညာခဲ့သည်။
နယူးယောက်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ဩစတြီးယား ဝန်ကြီးချုပ် Karl Nehammerသည် ဧပြီ ၁၁ ရက် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ရုရှား သမ္မတ ပူတင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနေ့တွင်ပင် ကျင်းပသည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ရုရှား ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိတ်ဆို့မှုအပေါ် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြောင်း သိရသည်။