ဟူနန်၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ရှိ Aizhai အဝေးပြေးလမ်းမှာ အကွေ့အကောက်ပေါင်း ၁၃ ခု ထက်မက ရှိပြီး မြေပြင်မှ ဒေါင်လိုက်အမြင့် ၄၄၀ မီတာ အထိရှိကာ တောင်တန်းများအဆင့်ဆင့်ပေါ်တွင် ဖောက်လုပ်ထားခြင်း ဖြစ်သည်။(Xinhua)
နေပြည်တော်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၁၉၅၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်။ ယခုအခါ နှစ်ပေါင်း ၇၀ ကြာပြီးနောက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ရာ ယင်းခရီးစဉ်သည်...
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် ဆောင်ရွက်မည့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် အခြားကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့မှ လုပ်ငန်း (၆)ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) လာမည့်ရက်သတ္တပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်သည် တရုတ်-မြန်မာဆက်ဆံရေးကဏ္ဍ၌ ပိုမို တိုးတက်ကြွယ်ဝလာမည်ဖြစ်ပြီး ခေတ်သစ်တစ်ခုကို အစပြုခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လော်ကျောက်ဟွေး(Luo Zhaohui) က ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။