ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) Wang Dewen ဆိုသည့် လက်သမားဆရာတစ်ဦးသည် ၎င်း၏ ချစ်လှစွာသော မြေးဖြစ်သူအတွက် သစ်သားဖြင့် ကစားစရာများ၊ အသုံးအဆောင်များကိုဖန်တီးပေးခဲ့သည်။ လက်ရာမြောက်လှသည့် ၎င်း၏ လက်ရာကြောင့် တရုတ်လူမှုကွန်ရက်များပေါ်တွင် ကျော်ကြားလျှက်ရှိသည်။ (Xinhua)
ဘေရွတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နစ်ဆန်း (Nissan) အကြီးအကဲဟောင်း ကားလို့စ်ဂွန်း (Carlos Ghosn) က ၎င်းအနေဖြင့် ဂျပန်နိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်မှုတွင် ကိုယ်တိုင်လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်အသင်း ၂၀၂၀ ခုနှစ်၊ မတ်လတွင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီနိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက HPV ကင်ဆာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ပေးမည့် ပထမဆုံး ပြည်တွင်းထုတ် ကာကွယ်ဆေးတစ်မျိုး ကို ထောက်ခံ အတည်ပြုခဲ့ကြောင်း အမျိုးသားဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ စီမံခန့်ခွဲမှုဌာန (NMPA) ၏ ထုတ်ပြန်ချက် အရသိရသည်။
ဂျကာတာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၄၃ ဦးသေဆုံးကာ လူဦးရေ ၄၃,၃၉၀,၀၀၀ ဦး နေရပ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။