ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်သော ယန်ဇီမြစ်အတွင်းရှိ ဇီဝမျိုးကွဲများအား ကာကွယ်ရန် မြစ်အတွင်းရှိ အဓိကနေရာများတွင် ငါးဖမ်းခွင့် ၁၀ နှစ်တာပိတ်ပင်မှုအား ဇန်နဝါရီ ၁ ရက်၌ စတင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) အချို့ ကျောင်းများတွင် ကျောင်းသားကျောင်းသူများ မအိပ်မနေစာကျက်နိုင်ရန်အတွက် မူးယစ်ဆေး၀ါးမှန်း မသိဘဲ ဆေး၀ါးများ တိုက်ကျွေးနေခြင်းကို ကြားသိရသောကြောင့် ကျောင်းသားများကို အားဆေးမတိုက်မီ ဆရာဝန်နှင့် တိုင်ပင်ရန်လိုအပ်ကြောင်းပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ သံတမန် နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်(နန်းတော်ဂိတ်) မှ တစ်ဆင့် တရားဝင် အဝင်/အထွက် ခွင့်ပြုနေပြီဖြစ်ကြောင်း...
ဂျကာတာ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် အကြီးအကျယ် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးလျှော့ချရေးအေဂျင်စီက ဇန်နဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။
နေပြည်တော်၊ ဇန်န၀ါရီ ၂ ရက်(ဆင်ဟွာ) ယခုနှစ်ဆန်း ဇန်န၀ါရီ ၂ရက်မှ ၇ ရက် အထိ မြန်မာကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက် ရတနာ ရောင်းချပွဲမှ ကျပ် ၄၀ ဘီလီယံ(ကျပ် သန်းလေးသောင်း) ဖိုးခန် ့ ရောင်းချနိုင်မည်ဟု မျှော်မှန်းထားကြောင်း မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်း...