တိုကျို၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီ ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယား ဓါတ်အားပေးစက်ရုံသည် ယခုရက်ပိုင်းများတွင် “အေးခဲမြေထိန်းနံရံ”အေးခဲရည် ၄ တန်ခန့် ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း ဂျပန်မီဒီယားများက ဇန်နဝါရီ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း ကုမ္ပဏီက ထိုသို့ဖြစ်ပွားခြင်းသည် “အေးခဲမြေထိန်းနံရံ”၏စွမ်းရည်အပေါ် သက်ရောက်မှုမရှိဟု ဆိုသည်။...
ထရီပိုလီ ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ ဝန်ကြီးချုပ် Abdul-Hamid Dbeibah က နိုင်ငံအတွင်း မည်သည့်လက်နက်ကိုင်ပဋိပက္ခကိုမဆို ပယ်ချကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် အလေးအနက်ပြောကြားလိုက်သည်။ ယင်းမှတ်ချက်အား ဝန်ကြီးချုပ်က ထရီပိုလီမြို့၌ ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ၏ ပြန်ကြားရေးရုံးက...
ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၏နှင်းကျသည့်အခါရာသီဖြစ်သည်။ ပေကျင်းမြို့ မိယွန်ခရိုင်နှင့် ဟဲပေပြည်နယ် လွမ်ဖိန်ခရိုင်အစပ်ကြား အနီးရှိ မဟာတံတိုင်း ပေကျင်းရှုမျှော်စင်၊ နတ်သမီးရှုမျှော်စင်စသည့်နေရာများရှိ နှင်းဖွေးဖွေးများကြား ခန့်ညားထည်ဝါသည့်မဟာတံတိုင်း၏ မြင်ကွင်းများကို ယခုကာလများတွင် တွေ့မြင်နိုင်ပေသည်။ (Xinhua) ———————————————- (Chinese Version) (新华视界)雪后长城 2022-01-23...
တီဟီရန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပေးသွင်းရန် ကျန်ရှိနေသော အသင်းဝင်ကြေးကြွေးကျန်များကို တောင်ကိုရီးယားနိုင်ငံ၌ ထိန်းချုပ်ခံထားရသည့် အီရန်ရံပုံငွေများမှတဆင့် ပြန်လည်ပေးသွင်းခဲ့ပြီးဖြစ်၍ အီရန်နိုင်ငံအနေဖြင့် မဲပေးခွင့် ပြန်လည်ရရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးက ထုတ်ဖော်ကြေညာခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်က ယူကရိန်းအစိုးရထံပံ့ပိုးပေးသည့် တန်ချိန် ၉၀ ခန့်ရှိသော စစ်လက်နက်ပစ္စည်းများ ယူကရိန်းသို့ ရောက်ရှိကြောင်း ယူကရိန်းဆိုင်ရာ အမေရိကန်သံရုံးက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။