ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန် ကုန်စည်ပြပွဲအတွင်း ခင်းကျင်းပြသခဲ့သော တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများသည် စိတ်ဝင်စားမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့သလို ဗိုင်းရပ်စ်တိုက်ပွဲကို အောင်မြင်မှုရရှိရန် နောက်ဆုံးဖြေရှင်းမှုအတွက် မျှော်လင့်ချက်လည်း ဖြစ်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်အတွင်း ကျင်းပရန်စီစဉ်ထားသော တိုင်းဒေသကြီး နှင့် ပြည်နယ် ယူ-၁၄ လူငယ်လိဂ်ပြိုင်ပွဲကို COVID-19 ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ် တွင် ပြောင်းလဲကျင်းပရန်လျာထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (YGN FDA)မှ ဝန်ထမ်းများသည် COVID-19 ရောဂါပိုးရှိလူနာ နှင့် ထိတွေ့မှုရှိသဖြင့် စက်တင်ဘာ ၁၁ရက်မှ စ၍ Quarantine ဝင်ရမည်ဖြစ်သောကြောင့် လုပ်ငန်းများ အားလုံးခေတ္တရပ်နားထောင်းကြောင်း စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား အချိန်မီ တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များမှအပ ပြည်တွင်းခရီးသွားလာခြင်း မပြုကြရန် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် ပြည်သူသို့ အသိပေးပန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်၌ ပြည်သူ့ရင်ပြင် တွင် ပရိသတ်မပါဘဲ COVID-19 ရောဂါ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့်အညီကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ဆင်ဟွာသို့...