ပါရီ ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex သည် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့ပြီးနောက် ကြိုတင်ကာကွယ်သည့်အနေဖြင့် COVID-19 စစ်ဆေးမှုခံယူသွားမည် ဖြစ်ကြောင်း Castex ရုံးက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ များ၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထား သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူ နှင့် အကြံပေးများအဖြစ် နိုင်ငံခြားသား ကျွမ်းကျင်သူ များအား ခန့်ထားလိုပါက အထောက်အထားပြည့်ပြည့်စုံစုံတင်ပြမှ...
မော်စကို၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ဖြစ်ပွားမှုအသစ် ၅,၀၉၉ ဦး ရှိခဲ့ပြီး စုစုပေါင်း ရောဂါဖြစ်ပွားသူ ၁,၀၃၅,၇၈၉ ဦးအထိ ရောက်သွားပြီဖြစ်ကြောင်း COVID-19 တုံ့ပြန်ရေးစင်တာက စက်တင်ဘာ ၈ ရက် ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများအတွက် မြေနေရာလိုအပ်ချက်ရှိပါက စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်လှိုင် က ဆိုသည်။
နေပြည်တော်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပါက ယခုထက် ပိုပြီး တောက်ပသော အနာဂတ်ကို ဖော်ဆောင်ပေးမည်ဟု ပါတီ ဥက္ကဌ ဦးသန်းဌေးက ယနေ့နံနက် တွင် ပြောကြားခဲ့သည်။