ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ကမ္ဘာ့စီးပွားရေးဖိုရမ်ဆိုင်ရာ Ipsos က ထင်မြင်ချက်ကောက်ယူထားသည့် စစ်တမ်းအရ ကမ္ဘာတစ်ဝန်းရှိ စစ်တမ်းဖြေဆိုသူ လေးပုံသုံးပုံခန့်က COVID-19 ကာကွယ်ဆေး အသုံးပြု၍ရသည့်အဆင့်ရောက်ရှိလာပါက ကာကွယ်ဆေးကို ရယူလိုကြောင်း ဖော်ပြထားသည်။
ဟောင်ကောင် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ရောဂါကူးစက်မှုကွင်းဆက်များကို ဖြတ်တောက်ပစ်ရန်အတွက် ဟောင်ကောင်အစိုးရမှ ဦးဆောင်ပြုလုပ်နေသည့် ဒေသတစ်ခုလုံး COVID-19 ရောဂါ ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွင် ပြည်သူများအနေဖြင့် တက်ကြွစွာပါဝင်ကြရန် ယနေ့ စက်တင်ဘာ ၁ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) သြဂုတ်လတွင် မြန်မာတစ်နိုင်ငံလုံး၌ စုစုပေါင်း ငလျင် ၁၈ ကြိမ်လှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ယနေ့ စက်တင်ဘာ ၁ရက် တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်ဒေါ်လာဈေးနှုန်း ဆက်တိုက်ကျဆင်းနေသည့် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း ကို ၄ ရက်အတွင်း ထပ်မံဝယ်ယူခဲ့ ကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စုများ ၊ အသက် (၈၀)နှစ်နှင့်အထက် (၈၅)နှစ်အောက် ဘိုးဘွားများအတွက် COVID – 19 စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပုံမှန်စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်အရ ပလက်ဝမြို့နယ် ၊...