ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး အင်ဂျင်ခန်း ဂတ်(စ်)ပိုက်ပေါက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
တိုကျို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့လည်ခေါင်တွင်ရှိသော ကုန်သွယ်ရေးဝန်ကြီးဌာန ၏ မြေအောက်ထပ်ကားပါကင်တွင် နိုဝင်ဘာလ ၂၀ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူမရှိကြောင်း ရဲနှင့် မီးသတ်သမားများ ၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) နှစ်ပေါင်း ၁၁၄ နှစ်သက်တမ်းရှိပြီဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဉယျာဉ် ကို ၂၀၁၈ ခုနှစ် တွင် ဧည့်သည်ဝင်ရောက်နှုန်း ၁ဒသမ၅ သန်းရှိပြီး တစ်လချင်းလူဝင်နှုန်း သည် ၂၀၁၈ခုနှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်ဝင်နှုန်းက ပိုများလျက်ရှိကြောင်း၊ တိရစ္ဆာန်ဉယျာဉ် ကို ဝင်ရောက်သူပိုမိုများပြားစေရန်အတွက် ကျောင်းများ၊ အဖွဲ့အစည်းများ...