ကွေ့ယန်၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ တစ်ခုတည်းသော မြေပြန့်လွင်ပြင်မရှိသည့်ပြည်နယ် ကွေ့ကျိုး သည် Karst မြေမျက်နှာသွင်ပြင် ကုန်းပြင်မြင့်တွင် တံတားအစင်းရေ ၂ သောင်းကျော်ဖြင့် တောင်တန်းအသွယ်သွယ်အကြား “မြန်နှုန်းမြင့် မြေပြန့်လွင်ပြင်”အဖြစ် တည်ဆောက်ထားသည်။ ကွေ့ကျိုးပြည်နယ်ရှိ တံတားများသည် အရေအတွက်များပြားခြင်း၊ အမျိုးအစားစုံလင်ခြင်း၊ နည်းပညာရှုပ်ထွေးခြင်း၊ အကောင်အထည်ဖော်ရန် အလွန်ခက်ခဲခြင်း...
မနိလာ၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ၏ နှစ်ရှည်လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အလှည့်ကျ အထက်လွှတ်တော်အမတ် Christopher Go သည် ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၂ သမ္မတရွေးကောက်ပွဲမှ တရားဝင်နုတ်ထွက်ကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထောက်အပံ့ဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ၊ သုဝဏ္ဏ အဆင့်မြှင့်တင်ပြီးနောက် လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံထံ...
ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်သည် ကမ္ဘာတစ်ဝန်းကူးစက်မှုအန္တရာယ် “အလွန်မြင့်မား”ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ယင်း ဗိုင်းရပ်စ်မျိုးကွဲသည် ကာကွယ်ဆေးထိရောက်မှုကို လျော့နည်းစေသည်ဟု အထောက်အထားများတွင် ဖော်ပြထားသော်လည်း ရောဂါဖြစ်ပွားမှုအတိုင်းအတာကို လက်ရှိ လက်တွေ့ကုသမှုကိန်းဂဏန်းများအရ အတည်ပြုရန် မလုံလောက်သေးကြောင်း ဆိုသည်။...
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့၏ မြို့တော်ဝန် Claudia Sheinbaum က အမေရိကန်နိုင်ငံထဲဝင်ရောက်ရန် နောက်တွဲကုန်တင်ယာဉ်ဖြင့် ဆိုက်ရောက်လာခဲ့ကြသော အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများ၏ အခွင့်အရေးများကို လေးစားရမည်ဟု ဒီဇင်ဘာ ၁၃ ရက်တွင် ကတိပြုပြောကြားခဲ့သည်။ အဆိုပါ နောက်တွဲယာဉ်ပေါ်၌ လိုက်ပါလာကြသူများသည်...