ဘာလင်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်လိုကြောင်းနှင့် နိုင်ငံစုံပါဝင်ရေးမူဝါဒအတွက် သာဓကတစ်ခုအဖြစ် တည်ရှိလိုကြောင်း ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကဲက ဩဂုတ် ၂၈ ရက်၌ ပြောခဲ့သည်။
ရှန်ဟိုင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ) ဆွန်ယက်ဆင်တက္ကသိုလ် (Sun Yat-sen University) ဟုအမည်ပေးထားသော တရုတ်နိုင်ငံ၏ အကြီးဆုံး သမုဒ္ဒရာဆိုင်ရာသုတေသနနှင့် လေ့ကျင့်ရေးသင်္ဘောသည် ရှန်ဟိုင်းမြို့တွင် ဩဂုတ် ၂၈ ရက်က ရေချခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
နယူးယောက်၊သြဂုတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ပြည်တွင်း လေကြောင်း ခရီးသွားလာမှုအခြေအနေသည် COVID-19 ကပ်ရောဂါကနေ အပြည့်အဝနီးပါး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သြဂုတ် ၂၆ ရက်က ထုတ်ပြန်သည့် ForwardKeys ၏ အချက်အလက်များအရ သိရသည်။
ဟောင်ကောင်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် COVID-19 စောင့်ကြည့်မှုအတွက် နှာခေါင်း၊အာခေါင်တို့ဖတ် စုဆောင်းရာနေရာ ၁၄၁ ခုကို ထားရှိသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁ ရက်မှစတင်မည့် လူအများအပြား ရောဂါစမ်းသပ်ရေးအစီအစဉ်အတွက် အသုံးပြုသွားမည်ဟု HKSAR အစိုးရက ဩဂုတ် ၂၈...