ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များတွင် လမ်းစုစုပေါင်း ၉၂၈ လမ်း စုစုပေါင်းလမ်းမိုင်အရှည် ၂၆,၂၀၈ မိုင်အား နှစ်စဉ်ရရှိ သည့် ရန်ပုံငွေများဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဦးစီးဌာန၊ တံတားဦးစီးဌာန မှ သိရသည်။
ပေကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးလေးမျိုးသည် နိုင်ငံတကာ လက်တွေ့စမ်းသပ်မှုအဆင့် ၃ စတင်နေပြီဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ COVID-19 တိုက်ဖျက် ကာကွယ် ထိန်းချုပ်ရေး ပူးတွဲယန္တရားအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၉ ရက်) နံနက် ၈ နာရီ တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
တိုကျို၊ဩဂုတ် ၂၈ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် ကျန်းမာရေးကိစ္စကြောင့် ရာထူးမှနှုတ်ထွက်မည်ဖြစ်ကြောင်း ယနေ့ ဩဂုတ် ၂၈ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ “ကျွန်ုပ်၏ ရာထူး သက်တမ်းမှာ လာမည့် တစ်နှစ် အထိ ဆက်လက်ထမ်းဆောင်ရန် နှင့် ထောက်ခံမှုများ ရှိစေလင့်ကစား လက်ရှိအချိန်မှာ ဖြေရှင်းလို့မပြီးသေးတဲ့အခြားစိန်ခေါ်မှုများစွာရှိနေပါတယ်။ ပြီးတော့...
ရှန်ဟိုင်း၊ ဩဂုတ် ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ရှိ ရှီဟွေ့ခရိုင်တွင် အပန်းဖြေဥယျာဉ်တစ်ခု ၌ အများပြည်သူလာရောက်အပန်းဖြေစီးနင်းနိုင်သည့် ချားရဟတ်ကြီး နှင့် ရိုလာကိုစတာ များပေါ်တွင် ပိတ်မိနေသူများရှိပါက အရေးပေါ်မည်သို့ကယ်ဆယ်မည် ကို စမ်းသပ်လေ့ကျင့်သည့်လေ့ကျင့်ခန်းတစ်ရပ်ကို မီးသတ်တပ်ဖွဲ့ဝင်များ စွန့်စွန့်စားစားပြုလုပ်ခဲ့ကြသည်။ ပုံမှန်ကယ်ဆယ်ရေးလုပ်ငန်းများနှင့်မတူထူးခြားသည်မှာ မြေပြင်မှ မြင့်မားလှသည့် ရဟတ်ကြီးနှင့် ရိုလာကိုစတာအတွင်းမှ...