ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့သည် သံလွင်မြစ်ကူးတံတား(တာကော်)ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သြဂုတ် ၂၇ ရက် နေ့လည်ပိုင်းက ငွေကျပ် ၃၂ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အမေရိကန်ဒေါ်လာ ဈေး တစ်ဒေါ်လာလျှင် ၁၃၇၀ ကျပ်မှ ၁၃၅၁ ကျပ်အထိ ၂ ရက်အတွင်း ၁၉ ကျပ်ခန့် ဈေးကျဆင်းသည့်အချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၂၈ ရက်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းအား...
တိုကျို၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကျန်းမာရေးအခြေအနေအရ ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ယနေ့ (ဩဂုတ် ၂၈ ရက်) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအား မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၈ ရက် တွင် သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် COVID-19 ကပ်ရောဂါ ကာကွယ်တားဆီး ကုသရေး လုပ်ငန်းများတွင် ရောဂါကာကွယ်ရေး နည်းလမ်းများကို ကိုယ်တိုင်လည်း လိုက်နာရမှာ ဖြစ်ပြီး အများပြည်သူကိုလည်း စနစ်တကျ လိုက်နာနိုင်ရေး စေတနာ အမှန်ဖြင့် နှိုးဆော် တိုက်တွန်းရာမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်...