ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားကို ကျပ် ၁,၃၁၀,၀၀၀ မှ ၁,၂၉၃,၀၀၀ အထိ ၂ ရက်အတွင်း ကျပ် ၁၇,၀၀၀ ဈေးပြုတ်ကျခဲ့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ဆင်ဟွာသို့ ယနေ့ သြဂုတ် ၂၆ ရက်တွင်ပြောကြားခဲ့သည်။
မော်စကို၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲတွင် ပါဝင်ပြသရန် အဖွဲ့ခြောက်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၆၀ ကျော် စေလွှတ်ခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၆ (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ် ကရာချိမြို့တော်တွင် သြဂုတ်လအတွင်း ရွာသွန်းခဲ့သော သည်းထန်သည့် မုတ်သုံမိုးသည် ၃၆နှစ်အတွင်း မိုးရွာသွန်းမှုစံချိန်သစ်ဖြစ်ခဲ့ကြောင်း ပါကစ္စတန် မိုးလေဝသဌာန(PMD) က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများကို ဩဂုတ် ၂၇ ရက်မှ စတင်၍ ယာယီပြန်လည်ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ တွင် ကျင်းပခဲ့သည့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲတွင် ရောင်းချခဲ့ရပြီး သတ်မှတ်ရက်အတွင်းငွေပေးချေခြင်းမရှိသော ကျောက်စိမ်းတွဲပေါင်း ၅၀၀ ကျော်ရှိကြောင်း၊ အဆိုပါ ငွေပေးချေခြင်းမရှိသော အရောင်းအဝယ်ပျက်သွားသည့် ကျောက်စိမ်းတွဲများကို သြဂုတ် ၂၈ ရက်တွင် နောက်ဆုံးထား၍ ပြန်လည်ထုတ်ယူရမည်ဖြစ်ကြောင်း မြန်မာ့ကျောက် ...