ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအထောက်အပံ့ဖြင့် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ခြင်းစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၈ ရက်တွင် မန္တလေးမြို့၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်းဟိုင် ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်...
ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်အာကာသလမ်းကြောင်းထောက်လှမ်းရေး သင်္ဘော Yuanwang-6 သည် ဂြိုဟ်တုစောင့်ကြည်ရေးတာဝန် သုံးခု ပြီးဆုံးပြီးနောက် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် သင်္ဘောစတင်ထွက်ခွာခဲ့ရာ မူလဆိပ်ကမ်းသို့ ပြန်သွားခဲ့ကြောင်း သိရသည်။
နယူးယောက်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ယနေ့အထိ တွေ့ရှိရသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် ကူးစက်လူနာ ၄၀ ကျော်တွင် အားလုံးနီးပါးက ရောဂါလက္ခဏာအပျော့စားသာ ခံစားရကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(CDC) ဒါရိုက်တာ Rochelle Walenskyက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (Xi Jinping) သည် တန်ဇန်းနီးယားပြည်ထောင်စုနိုင်ငံ သမ္မတ Samia Suluhu Hassan ထံ တန်ဂန်ရီကာနိုင်ငံ လွတ်လပ်ရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
ကဘူးလ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရ၏ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့မှ အာဖဂန်နစ္စတန်သို့ ကူညီပံ့ပိုးပေးသည့် ပထမအသုတ် ကိုဗစ်ကာကွယ်ဆေး နှင့် ဆေးထိုးအပ်များသည် ဒီဇင်ဘာ ၈ ရက်က အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ကြောင်း၊ အာဖဂန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Yu နှင့် အာဖဂန်ကြားဖြတ်အစိုးရ၏ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန...