ဝါရှင်တန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)အဖွဲ့ဝင် Dick Pound က ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို အမေရိကန်နိုင်ငံ၏ “ သံတမန်ရေးရာသပိတ်မှောက်ခြင်း” ဟု ပြောဆိုနေမှုသည် ထိရောက်သည့် အကျိုးသက်ရောက်မှု များများစားစား ရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက်ရန် မည်သည့်ဩစတြေးလျအစိုးရအရာရှိကိုမျှ ဖိတ်ကြားသွားမည်မဟုတ်ကြောင်း နှင့် သူတို့လာရောက်ခြင်း(သို့မဟုတ်) မလာရောက်ခြင်းကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ ဂရုစိုက်နေမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဂျာမနီ ဆက်ဆံရေးအား အဆင့်သစ်တစ်ခုသို့ မြှင့်တင်သွားမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ အဓိပတိအဖြစ် ရွေးကောက်ခံရသော Olaf Scholz ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာထဲတွင် ဒီဇင်ဘာ ၈ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ကွေ့ယန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ အာရှ၏ အရှည်လျားဆုံး လိုဏ်ဂူအတွင်း နှစ်ပေါင်း ၁၀၀,၀၀၀ ကျော် သက်တမ်းရှိ ပန်ဒါကြီးမျိုးရုပ်ကြွင်းအား တူးဖော်တွေ့ရှိခဲ့ကြောင်း သုတေသီများက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်၌ ဒီဇင်ဘာ ၈ ရက်ကဖြစ်ပွားသော ရဟတ်ယာဉ်ပျက်ကျမှုတွင် အိန္ဒိယနိုင်ငံ စစ်ဦးစီးချုပ်(CDS) ဗိုလ်ချုပ်ကြီး Bipin Rawat နှင့် ၎င်း၏ ဇနီးအပါအဝင် အခြားသော လူပုဂ္ဂိုလ် ၁၂ ဦး...