ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ မြောက်-အနောက်မြောက်ဘက် (၃၈)မိုင်ခန့်အကွာ တွင် အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး (၃.၉)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု နိုဝင်ဘာလ ၁၂ ရက် နံနက် ၄နာရီ ၂၁ မိနစ် ၅၉စက္ကန့် တွင်လှုပ်ရှားသွားခဲ့ကြောင်း...
မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံအစိုးရမှ နိုင်ငံရေးခိုလှုံခွင့်ကမ်းလှမ်းချက်အား သမ္မတရာထူးမှနှုတ်ထွက်ကြောင်းကြေညာခဲ့သည့် ဘိုလီးဗီးယားနိုင်ငံသမ္မတဟောင်း Evo Morales ကနိုဝင်ဘာ ၁၁ ရက် တွင် လက်ခံခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard ၏ ပြောကြားချက်အရသိရသည်။ (Xinhua)
ဆစ်ဒနီ ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) အလွန်ဆိုးရွားပြင်းထန်သော တောမီးများအကြီးအကျယ်လောင်ကျွမ်းနေမှုကြောင့် ဩစတြေးလျနိုင်ငံ၏ အကြီးဆုံး ဆစ်ဒနီမြို့အပါအဝင်နိုင်ငံ အရှေ့ပိုင်းနယူးဆောက်ဝေးပြည်နယ်ကို နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။
ဒါကာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော် ဒါကာမှ အရှေ့မြောက်ဘက် ၁၀၉ ကီလိုမီတာအကွာ၊ ဘရာမန်ဘာရီယာခရိုင်တွင် ခရီးသည်တင်ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိသဖြင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘန်ကောက် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော လွိုင်ခရာသွန်း (Loy Krathong) မီးမျှောပွဲတော်ကို နိုဝင်ဘာ ၁၁ ရက် (တန်ဆောင်မုန်းလပြည့်) ညတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။