ဟူစတန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အလယ်ပိုင်း တက္ကဆက်စ်ပြည်နယ် တောင်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်သည့် ဟူစတန်မြို့၌ စွန့်ပစ်ရေဆိုးထဲတွင် COVID-19 ရောဂါ မျိုးဗီဇပြောင်းပိုးအား တွေ့ရှိခဲ့ပြီး မျိုးဗီဇအသစ်၏ ဒေသတွင်းပြန့်နှံမှုအား အတည်ပြုလိုက်ကြောင်း ဟူစတန်မြို့ တာဝန်ရှိသူများက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် COVID-19 ရောဂါရှိသူတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့ပြီးနောက် သီးသန့်ခွဲခြားနေထိုင်လျက်ရှိကြောင်း ၎င်း၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟော်(Wei Fenghe) သည် ဒီဇင်ဘာ ၇ ရက်တွင် စတုတ္ထအကြိမ်မြောက် ကုလသမဂ္ဂ (UN) ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်ညီလာခံတွင် ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။
ကျိုချွမ် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ CERES-1 Y2 သယ်ဆောင်ရေးဒုံးပျံအား ဒီဇင်ဘာ ၇ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
မော်စကို၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က တရုတ်နိုင်ငံ ရထားလမ်းဖောက်လုပ်ရေးကော်ပိုရေးရှင်းလီမိတက် (CRCC) မှ တည်ဆောက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မော်စကို မြေအောက်ရထားလမ်း အပိုင်းသစ်အား ဒီဇင်လဘာ ၇ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။