ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဒီဇင်ဘာ ၇ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံ၍ ယူကရိန်းနိုင်ငံအခြေအနေနှင့် နှစ်နိုင်ငံဆက်ဆံရေးပြဿနာများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ Semeruမီးတောင်သည် ဒီဇင်ဘာ ၇ ရက်အထိ ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေရာ သေဆုံးသူဦးရေ ၃၄ ဦးထိ မြင့်တက်လာပြီး အခြား ပျောက်ဆုံးသူ ၁၇ ဦး၊ ဒဏ်ရာရသူ ၅၆ ဦး ရှိပြီဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသား...
ကုလသဂ္ဂ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲအား “ သံတမန်ရေးရာသပိတ်မှောက်ခြင်း” ဟု ပြောဆိုနေမှုသည် အမေရိကန်နိုင်ငံအနေဖြင့် မိမိကိုယ်ကို တိုက်ရိုက်ပင် “နိုင်ငံရေးဟာသပြက်လုံး” တစ်ခုထုတ်နေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ Shenzhou-12 မစ်ရှင် အာကာသယာဉ်မှူး ၃ ဦးသည် ဒီဇင်ဘာ ၇ ရက်က စာနယ်ဇင်းများနှင့် တွေ့ဆုံခဲ့ကြောင်း၊ စက်တင်ဘာလက ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကနဦးပြန်လည်နာလန်ထူလာချိန်မှစ၍ လူထုအကြား ပထမဆုံးပေါ်ထွက်လာခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ဘရပ်ဆဲလ် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘရပ်ဆဲလ်မြို့၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားလုံး မဖြစ်မနေ ကာကွယ်ဆေးထိုးနှံကြရန် အစိုးရ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ကာ ဒီဇင်ဘာ ၇ ရက်တွင် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ၄,၀၀၀ ကျော် ဆန္ဒပြခဲ့ကြောင်း သိရသည်။