ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကာနာတာကာတွင် အိုမီခရွန် ကိုရိုနာမျိုးကွဲ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦး အား ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိကြောင်း ဒီဇင်ဘာ ၂ ရက်တွင် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ဖော်ခဲ့ကြောင်းနှင့် ကျူးဘားနိုင်ငံ R&D အဖွဲ့အစည်းများသည် အိုမီခရွန်...
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ ဝန်ကြီးချုပ် Phankham Viphavanh သည် တရုတ်-လာအို ရထားလမ်း အဆင်ပြေချောမွေ့စွာ လည်ပတ်ရေးအတွက် လာအိုရိုးရာဓလေ့ဆုတောင်းပွဲအခမ်းအနားသို့ ဒီဇင်ဘာ ၂ ရက်က တက်ရောက်ခဲ့ကြောင်း သိရသည်။ အရှည် ၁,၀၃၅ ကီလိုမီတာရှိသော တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ...
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ဝင်ပေါက်အနီးတွင် ဒီဇင်ဘာ ၂ ရက်က သေနတ်ကိုင် အမျိုးသားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ရာ ကုလသမဂ္ဂရုံးချုပ်အား အချိန်အတိုင်းအတာတစ်ခုထိ ပိတ်ဆို့ထားရကြောင်း၊ အချိန် ၂ နာရီခွဲကြာ ထိပ်တိုက်ရင်ဆိုင်မှုများအပြီး ၎င်းအမျိုးသားက ရဲတပ်ဖွဲ့ထံသို့ လက်နက်ချခဲ့ကြောင်း သိရသည်။...
ဖနွမ်းပင် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဆမ်ဒက်တက်ချိုဟွန်ဆန်သည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ရာထူးမှ အနားယူနိုင်ဖွယ်ရှိနေရာ ၎င်းအား ဆက်ခံမည့် ဝန်ကြီးချုပ်လောင်းများထဲတွင် ၎င်း၏ သားကြီးဖြစ်သူ ဟွန်မနက်(Hun Manet) ကိုထည့်သွင်းလျာထားကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကဘူးလ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၌ လူပေါင်း ၄၅၀ ဦးသည် စစ်ရေးလေ့ကျင့်မှုသင်တန်း ပြီးစီးသွားကြောင်း နှင့် သင်တန်းဆင်းလက်မှတ်များ ရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။