ဘဂ္ဂဒက်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ သုံးနှစ်အတွင်း အီရတ်နိုင်ငံမှ ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း အီရတ်နှင့် အမေရိကန်က ဩဂုတ် ၂၀ ရက်က ကြေညာလိုက်ကြောင်း တရားဝင် Iraqi News Agency (INA) က သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် နေ့စဉ် ည ၉ နာရီမှ နောက်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရန်အမိန့် ၂ လ ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ ယနေ့သိရသည်။
ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေး (inactivated vaccine) သည် ပီရူးနိုင်ငံတွင် လက်တွေ့စမ်းသပ်မှု တတိယအဆင့် စတင်နေပြီဖြစ်ကြောင်း Sinopharm ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ကာကွယ်ဆေးထုတ်လုပ်သူ China National Biotec Group (CNBG) က ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလ ပွဲများစီစဉ်ကျင်းပရန် ခက်ခဲသည့်အတွက်ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်လျက်ရှိသည့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ မဟာဝိဇ္ဇာ(ပထမနှစ်) ပန်းချီအထူးပြု ကျောင်းသားများ ၏ “OUT of KNOT Art Exhibition’’ နှောင်ထုံးမဲ့ အွန်လိုင်း ပန်းချီပြပွဲကို ယနေ့မှစ၍ စက်တင်ဘာ ၃၀...
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၌ လက်ရှိတွင် နေ့စဉ်နေ့တိုင်း လှော်ကားကန် မှ ရေဂါလန် ၁၄ သန်း၊ ဂျိုးဖြူ ကန်မှ ဂါလန် ၂၇ သန်း၊ ဖူးကြီးကန်မှ ဂါလန် ၅၄ သန်း၊ ငမိုးရိပ်ရေသန့်စင်စက်ရုံ မှ ရေဂါလန် သန်း...