ဗီယင်ကျန်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) လာအိုအစိုးရက ဒီဇင်ဘာ ၁ ရက်တွင် မြို့တော်ဗီယင်ကျန်းမြို့ရှိ အမျိုးသားကွန်ဗင်းရှင်းဗဟိုဌာန၌ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာChina National Railway Group Co., Ltd. အား “အမျိုးသားပထမအဆင့် ဖွံ့ဖြိုးရေးဆုတံဆိပ်” Lao China RaiLway Co., Ltd....
ဒပ်ဗလင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အိုင်ယာလန်နိုင်ငံသည် ဒီဇင်ဘာ ၃ ရက်မှစ၍ နိုင်ငံအတွင်း ဝင်ရောက်လာရောက်သူအားလုံးအနေဖြင့် COVID-19 ရောဂါကင်းစင်ကြောင်း ဆေးစစ်ချက် လိုအပ်မည်ဟု အိုင်ယာလန်အစိုးရက နိုဝင်ဘာ ၃၀ ရက်၌ ကြေညာခဲ့သည်။
ကဘူးလ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် လူသေဆုံးမှုနှင့် နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု မရှိဟု အာဏာပိုင်များက ပြောကြားခဲ့သော်ငြားလည်း နိုဝင်ဘာ ၃၀ ရက်၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ကဘူးလ်ရှိ ငြိမ်းချမ်းရေးမှာ တစ်ဖန်ပြန်လည် ပျက်စီးသွားခဲ့ပြီး စစ်မက်ဒဏ်ခံစားနေရသော အာဖဂန်ပြည်သူများအကြား ထိတ်လန့်တကြားဖြစ်ခဲ့ရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် ကူးစပ်ပြန့်နှံ့မှု မြင့်မားလာသည်နှင့်အမျှ အမေရိကန်ဆေးဝါးကုမ္ပဏီ Modena၊ Johnson & Johnson နှင့် Pfizer စသည့်ကုမ္ပဏီများက ၎င်းတို့သည် ဤဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို စတင်တီထွင်နေပြီ ဖြစ်ကြောင်း အသီးသီးထုတ်ဖော်ပြောကြားခဲ့သည်။
ကွေ့ယန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဓိက အကြီးဆုံး အချက်အလက်သိုလှောင်သိမ်းဆည်းရာ ကွေ့ကျိုးပြည်နယ်က လာမည့် သုံးနှစ်တွင် ပြည်နယ်အတွင်း အခြေခံအဆောက်အဦသစ် တည်ဆောက်ရာ၌ တရုတ်ယွမ်ငွေ ၅၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။