ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးနှံမှုကို အကောင်အထည်ဖော်ခြင်းသည် နိုင်ငံအသီးသီး ကိုဗစ်ကပ်ရောဂါအန္တရာယ်မှ ရုန်းထွက်မည့် တစ်ခုတည်းသော ထွက်လမ်းဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
လစ္စဘွန်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ၌ COVID-19 ဗီဇပြောင်း အိုမီခရွန် (Omicron) ဗိုင်းရပ်စ် ကူးစက်မှုအား ပထမဆုံးအကြိမ်အဖြစ် ဘောလုံးအသင်းတစ်သင်းနှင့် ဆက်စပ်လျက် တွေ့ရှိခဲ့ပြီး ယင်း ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ခံရသည့်လူနာအား နိုဝင်ဘာ ၃၀ ရက်တွင် တွေ့ရှိအတည်ပြုခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် သမ္မတ ရှီကျင့်ဖိန်သည် လာအိုနိုင်ငံ ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် သမ္မတ သောင်လွန်းစီဆိုလစ်သ် (Thongloun Sisoulith) နှင့်အတူ ဒီဇင်ဘာ ၃ ရက်တွင် ရုပ်သံလင့်ခ်မှတစ်ဆင့်...
ပေကျင်း ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘာဘေးဒိုးစ် နိုင်ငံ(Barbados) ၏ ပထမဆုံး သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဆန်ဒြာမေဆန်(Sandra Mason) ထံ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို နိုဝင်ဘာ ၃၀ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) သည် ၎င်းနိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရန် ပါကစ္စတန်နိုင်ငံအတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု အစ္စလာမ်မာဘတ်မြို့ရှိ မဟာဗျူဟာလေ့လာရေးဌာန တရုတ်- ပါကစ္စတန်လေ့လာရေးစင်တာမှ ညွှန်ကြားရေးမှူး Talat Shabbir က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။