ဝူဟန့်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီလက်အောက်ရှိ ဝူဟန့် ရောဂါပိုးမွှားဗေဒသိပ္ပံမှ သုတေသီများက ဖော်ထုတ်လိုက်သော ဦးနှောက်ရောင်ကာကွယ်ဆေးအသစ်နှင့် ဓာတ်ခွဲခန်းစမ်းသပ်မှုများအရ ဆေးတစ်ကြိမ်ထိုးနှံရုံဖြင့် ခြင်ကြောင့်ဖြစ်ပွားသည့် အသက်သေဆုံးနိုင်စေသော ရောဂါနှစ်မျိုးကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
ဝါရှင်တန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အစိုးရသည် တီဟီရန်အပေါ် ဖိအားပေးလုပ်ဆောင်မှုကို တိုးမြှင့်သည့်အနေဖြင့် အီရန် Mahan Air လေကြောင်းလိုင်းအား ထောက်ပံ့မှုပေးခဲ့သော အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အခြေစိုက် ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ဩဂုတ် ၁၉ ရက်က ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) Apple (ပန်းသီးအမှတ်တံဆိပ်) နည်းပညာကုမ္ပဏီသည် ဈေးကွက်ရင်းနှီးမတည်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ထရီလီယံသို့ ရောက်ရှိသည့် ပထမဆုံး အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်လာကြောင်း နှင့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။
ဗီယင်နာ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် အသစ်တစ်ဖန် ကျင်းပခဲ့သည့် အမေရိကန်-ရုရှား နှစ်နိုင်ငံ လက်နက်ထိန်းချုပ်ရေး တွေ့ဆုံဆွေးနွေးပွဲသည် ဩဂုတ် ၁၈ ရက် ညနေပိုင်းတွင် တိုးတက်မှုတစ်စုံတစ်ရာမရှိဘဲ ပြီးဆုံးခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော တစ်ခုတည်းသော လက်နက်ထိန်းချုပ်ရေး သဘောတူညီချက် ဖြစ်သည့်...