ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၁၉ရက်) ၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦးထပ်မံတွေ့ရှိခဲ့ရာ လက်ရှိအချိန်ထိမြန်မာနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ (၃၉၄) ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ည ၈ နာရီ...
နေပြည်တော် ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးအတွက် မိမိတို့ အားလုံးအနေဖြင့် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းလိုကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲ...
ဟဲဖေ၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ ရေဘေးဒဏ်ခံစားခဲ့ရသော ဒေသခံပြည်သူများထံ သွားရောက်တွေ့ဆုံ အားပေးစကားဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အမြန်လမ်းမကြီးတစ်လျှောက်တွင် ရဲစခန်းပေါင်း ၁၆ခု ရှိပြီး ရဲစခန်းပိုင်နယ်မြေအလိုက် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု အဖြစ်အများဆုံး ဖြစ်ပွားသည့် မိုင်တိုင်များ ရှိကြောင်း၊ ၎င်း မိုင်တိုင်များအလိုက် အထူးသတိပြုမောင်းနှင်သင့်ကြောင်း၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးဦးစီး၊ ဒုရဲမှူးမျိုးလင်းသန့်က ဆင်ဟွာသို့ သြဂုတ် ၁၉ရက်တွင်ပြောသည်။