နယူးဒေလီ ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၈ ဒသမ ၁ သန်းကျော် ရေဘေးကြုံတွေ့လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ယခုအချိန်ကာလ၌ ပြည်သူများနှင့် COVID-19 ကို ကာကွယ်ထိန်းချုပ်နေသူများအားလုံးသည် COVID-19 ကူးစက်မှုဒုတိယလှိုင်း လာနိုင်သည်ဟူသောခံယူချက်ဖြင့် နေထိုင်သွားလာမှုမှစ၍ သတိနှင့် နေထိုင်ကြရန် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ သြဂုတ် ၁၅ ရက်တွင် ပြည်သူများသို့ ပန်ကြားခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် အသားများ ရောင်းချသော လက်ကားဈေးကြီးတစ်ခုဖြစ်သည့် ရှင်းဖားတိဈေးတွင် COVID-19 လူအစုလိုက်တွေ့ရှိမှုနှင့် ပတ်သက်၍ ၎င်းဈေးအားနှစ်လကြာ ပိတ်ထားခဲ့ရာမှ ဩဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ သို့ ရေနံတင်ပို့မည် အီရန် နိုင်ငံ ရေနံတင်သင်္ဘော အား တားဆီး ခဲ့ပြီး ရေနံစည်ပေါင်း တစ်သန်းကျော် ကို သိမ်းယူခဲ့ကြောင်း အမေရိကန် နိုင်ငံ ဥပဒေရေးရာ...
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) လေဖိအားနည်းရပ်ဝန်းသည် ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်ဝင်ရောက်လျက် ရှိပြီး အဆိုပါလေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် မုတ်သုံပိုအားကောင်းလာသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့ တွင် ယနေ့မှ...