ပေကျင်း၊နိုဝင်ဘာ ၁၈ (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်၏ အရေးကြီးစာအုပ်စာပေများအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ အဖွဲ့ဝင်နိုင်ငံများဘာသာစကားဖြင့် ထုတ်ဝေခြင်း မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် ပေကျင်းမြို့၌ ကျင်းပခဲ့သည်။
ဒါကာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ ဆင်းရဲသားရပ်ကွက်၌ နေထိုင်သူများအား ကိုဗစ်-၁၉ (COVID-19) ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လန်ဒန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံမှ F35 ဂျက်တိုက်လေယာဉ်တစ်စင်းသည် မြေထဲပင်လယ်ပေါ်တွင် ပုံမှန်ကင်းလှည့်မှုတစ်ခု ပြုလုပ်နေစဉ်အတွင်း ပင်လယ်ထဲ ပျက်ကျသွားခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၇ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းဌာန၏ ဒစ်ဂျစ်တယ်သတင်းထောက် ရှောင်ကျန်းက ပုံရိပ်ယောင်တစ်ခု ဖြစ်သော်လည်းအင်္ဂါဂြိုဟ်ရှိ အစစ်အမှန်ဒစ်ဂျစ်တယ် ကမ္ဘာတစ်ခုကို 5G ကွန်ရက်နည်းပညာများ၊ cloud computing နည်းပညာများနှင့် AI နည်းပညာများကဲ့သို့ နည်းပညာအသစ်အဆန်းများ အသုံးပြုကာ ဖန်တီးပုံထားကို ရှင်းလင်းတင်ပြမည့်ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua) ……………… (English Version)...
မနီလာ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို အားဖြည့်ကာကွယ်ဆေးအဖြစ် အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဖိလစ်ပိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန အကြီးအကဲ Enrique Domingo က နိုဝင်ဘာ ၁၆ ရက် တွင် ကြေညာခဲ့သည်။