ဖနွမ်းပင် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဆမ်ဒက်တက်ချိုဟွန်ဆန်သည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ရာထူးမှ အနားယူနိုင်ဖွယ်ရှိနေရာ ၎င်းအား ဆက်ခံမည့် ဝန်ကြီးချုပ်လောင်းများထဲတွင် ၎င်း၏ သားကြီးဖြစ်သူ ဟွန်မနက်(Hun Manet) ကိုထည့်သွင်းလျာထားကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကဘူးလ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၌ လူပေါင်း ၄၅၀ ဦးသည် စစ်ရေးလေ့ကျင့်မှုသင်တန်း ပြီးစီးသွားကြောင်း နှင့် သင်တန်းဆင်းလက်မှတ်များ ရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
နယူးရောက်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် (Omicron) တွေ့ရှိမှုကြောင့် ကုန်သည်များအနေဖြင့် လောင်စာဝယ်လိုကျဆင်းမည်ကို စိုးရိမ်သောကြောင့် နိုဝင်ဘာ ၁ ရက်တွင် ရေနံဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာဖရိကတိုက်နိုင်ငံများအကြား အလွန်ရင်းနှီးသည့်ဆက်ဆံရေးနှင့် နက်ရှိုင်းသည့်ခင်မင်ရင်းနှီးမှုများ မည်သည့်အတွက်ကြောင့်ရှိသနည်း။ နှစ်နိုင်ငံအနေဖြင့် ရာစုသစ်၌ အတူမျှဝေသည့်အနာဂတ် နှင့်အတူ တရုတ်-အာဖရိက အသိုက်အဝိုင်းကို မည်သို့တည်ဆောက်နေသနည်း။ စသည့်မေးခွန်းများ၏ အဖြေများအား ယခု ရုပ်သံထဲတွင်လေ့လာနိုင်ပါသည်။ (Xinhua) …………………… (English Version) GLOBALink...
ဒါကာ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းတစ်ခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စီးပွားရေးမိတ်ဖက်များနှင့် စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် ၄ ခုကို ဒီဇင်ဘာ ၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။