ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းသည် နိုဝင်ဘာ ၃၀ ရက်က ကျင်းပသော “Group of 77 +China” ၏ ၄၅ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ video conference အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏...
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့သည် မီးရထား သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပထမဆုံး နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အား နိုဝင်ဘာ ၃၀ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ၌ နိုဝင်ဘာ ၂၉ ရက်မှစတင်၍ လေပြင်းမုန်တိုင်းများကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကြောင်း ဒေသတွင်း မီဒီယာ၏ ဖော်ပြမှုအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ၂၀၂၀ ပြည့်နှစ်တွင် ပညာရေးကဏ္ဍ၌ သုံးစွဲငွေစုစုပေါင်းပမာဏမှာ ယွမ် ၅.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၃၁.၃ ဘီလီယံ) ရှိခဲ့ပြီး ယမန်နှစ်ကထက် ၅.၆၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးများ၏ မကြုံစဘူး မြင့်မားသော အဆင့်တစ်ခုအတွက် ကျေနပ်အားရမှုရှိကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။