ဂျေရုဆလင်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) မကြာသေးမီက အစ္စရေးတွင် ကိုဗစ်ကပ်ရောဂါသည် တဖြည်းဖြည်းသက်သာလာရာ တစ်ရက်တည်းတွင် ထပ်တိုးအတည်ပြုလူနာအရေအတွက်သည် သြဂုတ်လကုန်၊စက်တင်ဘာလအစတွင် ၁၀,၀၀၀ ခန့်မှ ယခုအခါ ရာကျော်အထိကျဆင်းခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ စစ်တပ်က အမေရိကန် ဒရုန်းနှစ်စင်းအား ကြားဖြတ်ဟန့်တားခဲ့ပြီး Zolfaqar-1400 အမည်ရှိ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သည့် ဇုန်များမှ ဝေးဝေးနေရန် သတိပေးခဲ့ကြောင်း စစ်တပ်၏ သတင်းဗျူရိုက နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ပင်လယ်နက်ရှိ အမေရိကန်ရေတပ်သင်္ဘောများ၏ စစ်ဆင်ရေးများသည် “မတည်မငြိမ်ဖြစ်စေသည့်အကြောင်းရင်း” တစ်ခုဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ကိုဗစ်ကာကွယ်ထိုးနှံထားခြင်းမရှိသည့် သူလူအုပ်စုသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူနှင့် နှိုင်းယှဉ်ပါက ရောဂါကူးစက်ပြီးနောက် ရောဂါပြင်းထန်နိုင်မှု သို့မဟုတ် သေဆုံးနိုင်မှုသည် ၁၅ ဆ ပို၍ မြင့်မားကြောင်း ဩစတြေးလျနိုင်ငံ နယူးဆောက်သ် ဝေးလ်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မော်စကို၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရုရှားနယ်စပ်အနီးတွင် နိုင်ငံစုံ စစ်ရေးအစုအဖွဲ့ ဖွဲ့စည်းရန် အမေရိကန်ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။