ဖနွမ်းပင် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အာဏာပိုင်များက နိုင်ငံအတွင်းသို့ခွင့်ပြုချက် အထောက်အထားမဲ့ အမေရိကန်ဒေါ်လာငွေ ၂.၂ သန်း ယူဆောင်လာမှုဖြင့် တောင်ကိုရီးယားနိုင်ငံသား ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း ကမ္ဘောဒီးယားအမျိုးသားရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ စီးပွားရေး စြင်္က ံအောက်တွင် တရုတ်-မြန်မာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ တစ်ရပ်အား ယနေ့ဇူလိုင် ၈ ရက်တွင် ရန်ကုန်မြို့တွင် တရုတ်-မြန်မာ ပညာရှင်များ ပါဝင်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တီဟီရန် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အနောက်တောင်ပိုင်း Khuzestanပြည်နယ်တွင် ဇူလိုင် ၈ ရက်က ပြင်းအား ၅.၇ အဆင့်ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ကားနံပတ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တရားဝင်ထုတ်ပေးထားသည့် ဖောင်းကြွကားနံပါတ်ပြားများအား သုံးစွဲခြင်းမပြုဘဲ စာလုံးပုံစံအမျိုးမျိုးကို ပလတ်စတစ်နှင့် အခြားအမျိုးအစား အပြားများပေါ်တွင် တပ်ဆပ် အသုံးပြုထားခြင်းမှာ တရားမဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။