ဘန်ကောက် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၈ ရက်တွင် ဖြစ်ပွားခဲ့သော လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသူများအတွက် ရည်စူးပြီး ပြည်သူများက ထောက်ပံ့အလှူငွေများ ဝိုင်းဝန်းထည့်ဝင်ကြရာ စုစုပေါင်း ထိုင်းဘတ်ငွေ ၂၃ သန်း (အမေရိကန်ဒေါ်လာ ၇၃၅,၇၄၆) ထိ လက်ခံ...
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကို “COVID-19”ဟု ခေါ်ဆိုရန် အမည်ပေးလိုက်ပြီဖြစ်ကြောင်း WHOညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။WHOရုံးချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် ဒီမိုကရေစီ စံချိန် စံညွှန်းများနှင့်အညီ နိုင်ငံတော်၏ ပကတိ အခြေအနေ၊ အနာဂတ် မျှော်မှန်းချက်တို့နှင့် ကိုက်ညီသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တစ်ရပ် ပေါ်ထွန်းလာစေရေးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း...
ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်မည့် ပထမဆုံးဆေးဝါးကို လာမည့် ၁၈ လတွင် စတင်အသုံးပြုနိုင်မည်ဟု ဖေဖော်ဝါရီ ၁၁ ရက်၌ ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုအောင်မြင်စေရန် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ ပါဝင်ကူညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာ...