နယူးဒေလီ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး Amit Shah က ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆေးစစ်ရာတွင် positive တွေ့ရှိခဲ့ရသဖြင့် ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ဩဂုတ် ၂ ရက် တွင် အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) ဟောင်ကောင်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု အခြေအနေအပေါ် ဗဟိုအစိုးရအနေဖြင့် အစဉ်အမြဲ ဂရုစိုက် ကြည့်ရှုခဲ့သည်။
ဝူးလူမုချီ ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) ဗိုင်းရပ်စ်ပျံ့နှံ့မှု အသစ်တစ်ဖန်ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဝူးလူမုချီမြို့တွင် လက္ခဏာမပြ COVID-19 လူနာများ ၊ သံသယလူနာများ နှင့် အတည်ပြုလူနာများအားလုံးကို အခမဲ့ဆေးကုသမှုပေးနေကြောင်း မြူနီစီပယ်ကျန်းမာရေးစောင့်ရှောက်မှုအရာရှိတစ်ဦးက ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့်၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် ဩဂုတ် ၁ ရက်က COVID-19ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ ၃ ဦးရှိကြောင်း ယင်းပြည်နယ်ကျန်းမာရေးကော်မရှင်က ဩဂုတ် ၂ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) COVID-19ကပ်ရောဂါသည် နိုင်ငံတကာ အာရုံစိုက်အလေးထားရသည့် ပြည်သူကျန်းမာရေးအရေးပေါ်အခြေအနေ(PHEIC)တွင် ရှိနေဆဲ ဖြစ်ရာ ကပ်ရောဂါကာလ ဆက်လက်ကြာမြင့်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသောကြောင့် ရေရှည်တုံ့ပြန်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဩဂုတ် ၁ ရက်တွင် ကြေညာခဲ့သည်။