နေပြည်တော်၊ဇူလိုင်၂၈ရက်(ဆင်ဟွာ) လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုကိုလျော့ကျစေသည့်အပြင်မီတာဖတ်ရှုရာ၌လူကြောင့်ဖြစ်ပေါ်စေသောအမှားများပပျောက်စေရန် AMI (Advanced Metering Infrastructure) စနစ်ကိုအသုံးပြုနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊လျှပ်စစ်ဌာန၏ထိန်းချုပ်ခန်းမှတစ်မြို့နယ်လုံးရှိမီတာအားလုံးကိုအချိန်တိုအတွင်းမီတာဖတ်ရှုနိုင်သည့်အဆိုပါ AMI စနစ်ကိုတပ်ဆင်နိုင်ရန်အတွက်မကြာခင်တင်ဒါခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးခင်မောင်ဝင်းကပြည်သူ့လွှတ်တော်ယနေ့အစည်းအဝေးတွင်ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပြည်ပရှိ ကွန်ဖြူးရှပ်အင်စတီကျူ့များနှင့် ပြည်တွင်း တရုတ်တိုင်းရင်းဆေး (TCM) ကောလိပ်များမှတစ်ဆင့် TCM ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။
ပေကျင်း ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ယခုနှစ် ပထမနှစ်ဝက်တွင် 5G အခြေစိုက်စခန်း အသစ် ၂၅၇,၀၀၀ တည်ဆောက်ခဲ့ပြီး ဇွန်လကုန်အထိ နိုင်ငံတစ်ဝှမ်း 5G အခြေစိုက်စခန်း စုစုပေါင်း ၄၁၀,၀၀၀ ထိ ရှိလာခဲ့သည်။ တရုတ်နိုင်ငံတွင် 5G ဖုန်းများ အလုံးရေပေါင်း ၈၆.၂၃...
ဝါရှင်တန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ COVID-19 ကပ်ရောဂါ ကိုင်တွယ်ပုံအပေါ် ပြည်သူများက စိတ်ပျက်လျက်ရှိပြီး မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းတစ်ခုတွင် လူထု ထောက်ခံမှု အနိုမ့်ဆုံးအဆင့်သစ်တစ်ခုသို့ ကျဆင်းနေခြင်းနှင့်အတူ နိုင်ငံအနေဖြင့် မှားယွင်းသော လမ်းကြောင်းဆီသို့ ဦးတည်သွားနေကြောင်း ယင်းစစ်တမ်းဖြေဆိုသူအများစုက ယုံကြည်နေကြသည်။
ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)