ပေကျင်း ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ချိန်တူးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးအား ယနေ့ ဇူလိုင် ၂၇ ရက်တွင် ပိတ်သိမ်းခဲ့သည်။သက်ဆိုင်ရာ တရုတ်အစိုးရ တာဝန်ရှိသူများက ယင်းကောင်စစ်ဝန်ရုံး၏ အရှေ့မျက်နှာစာဝင်ပေါက်မှတစ်ဆင့် အထဲသို့ ဝင်ရောက်သွားခဲ့ကြောင်းနှင့် အဆောက်အအုံဥပစာကို လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။ (Xinhua)
ဟဲပေ ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ Taihang တောင်တန်းပေါ်တွင် မကြာသေးမီက ရက်ပေါင်းများစွာ မိုးရွာသွန်းပြီးနောက် နတ်သမီးပုံပြင်ထဲက ကဲ့သို့ အလွန်လှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်ရပ်ကို တိမ်ပင်လယ်ဟု တင်စားခေါ်ဆိုကြသည်။ ထိုသို့ ဖြစ်ပေါ်ရခြင်းမှာ စိုထိုင်းဆပြည့်နှက်နေသော လေထုသည် တောင်တန်းများပေါ်သို့...
ချင်းသောင်၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှထုတ်လုပ်သော ကုန်းရေနှစ်သွယ် ပျံသန်းမောင်းနှင်နိုင်သည့် AG600 လေယာဉ်ကြီးသည် ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ ပင်လယ်ပြင်တွင် အောင်မြင်စွာ မောင်းနှင်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
ပြုံယမ်း၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် Kaesong မြို့တွင် COVID-19 ရောဂါ သံသယလူနာတစ်ဦး တွေ့ရှိပြီးနောက် မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ် က နိုင်ငံအား အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း KCNA သတင်းဋ္ဌာနက ဇူလိုင် ၂၆ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။ ကင်က Kaesong...
ပေကျင်း၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သည့် အင်္ဂါဂြိုဟ် လေ့လာရေးယာဉ် ၏ အကြီးဆုံး စိန်ခေါ်မှု အလုပ်တစ်ခုမှာ အင်္ဂါဂြိုဟ်မျက်နှာပြင်အား မည်သည့်အရာများဖြင့် ဖွဲ့စည်းထားသည်ကို သိရှိရန် လေ့လာရမည့် အလုပ်ပင်ဖြစ်သည်။ အင်္ဂါဂြိုဟ်မျက်နှာပြင်ဖွဲ့စည်းပုံ လေ့လာရေးကိရိယာနှင့် အင်္ဂါဂြိုဟ် သတ္တုတွင်းထွက်လေ့လာရေးကိရိယာများ ပါဝင်သည့် ၎င်းယာဉ် သည် အင်္ဂါဂြိုဟ်၏ မြေသားအခြေအနေ...