ချင်းသောင်၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကုန်လမ်းရေလမ်းနှစ်သွယ် ပျံသန်းနိုင်သည့် AG600 လေယာဉ်ကြီး ယနေ့ (ဇူလိုင် ၂၆ ရက်)တွင် ပထမဆုံး ပင်လယ်ပြင် မောင်းနှင်ပျံသန်းမှုအောင်မြင်ခဲ့ရာ ဆန်းတုန်းပြည်နယ် ရစ်ကျောက်မြို့ရှိ ရစ်ကျောက်ဆန်းကျစ် လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီကြောင်း သိရသည်။
စင်ကာပူ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း(Lee Hsien Loong)က ဇူလိုင် ၂၅ ရက်တွင် အစိုးရအဖွဲ့သစ် ဝန်ကြီးအဖွဲ့ဝင် အမည်စာရင်းသစ်ထုတ်ပြန်ခဲ့ရာ ဝန်ကြီးချုပ် တာဝန်ကို လီရှန်လွန်း( Lee Hsien Loong)က ဆက်လက်ထမ်းဆောင်မည်ဖြစ်ပြီး Heng Swee Keatက...
မော်စကို၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo၏ တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့် မူဝါဒ မိန့်ခွန်းကို အံ့ဩဝမ်းနည်းမိကြောင်း ၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ခိုင်မာစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည်လည်း ကမ္ဘာ့အခြေအနေ တည်ငြိမ်ရေး၏ အရေးကြီးသည့် အကြောင်းအရင်းဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန...
ကျီလင်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်းပိုင်တောင်ပေါ်ရှိ ဥယျာဉ်အတွင်းအလေ့ကျပေါက်သည့် တောရိုင်းပန်းခင်းကြီး၏ လှပသောမြင်ကွင်းအား တင်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)
ရန်ကုန်၊ဇူလိုင်၂၅ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ၈ရက်အထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်းများကိုဇူလိုင်၂၅ရက်တွင်စတင်ကာမဲဆန္ဒရှင်ပြည်သူများကလာရောက်ကြည့်ရှုလျက်ရှိသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်ဇူလိုင်၂၅ရက်မှသြဂုတ်၈ရက်အထိ၁၄ရက်ကြာသက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများတွင်မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာစဉ်မဲစာရင်းများလာရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်း၊ မိမိအမည်မဲစာရင်းတွင်မပါပါက ပုံစံ (၃) ဖြင့်မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊မပါဝင်သင့်သူများပါဝင်ပါကပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါကပုံစံ (၄–ဂ) ဖြင့်ပြင်ဆင်လွှာတင်သွင်းခြင်းတို့အားလိုအပ်ပါကဆောင်ရွက်နိုင်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားသည်။ ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက်မဲပေးခွင့်ရှိသူဦးရေမှာအကြမ်းအားဖြင့်၃၇သန်းရှိကြောင်း၊မဲဆန္ဒရှင်စာရင်းအတိအကျကိုဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူတစ်ဦးကဆင်ဟွာကိုဇူလိုင်၂၅ရက်တွင်ပြောသည်။ (Xinhua)