ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ၂၀၂၀ အိုလံပစ် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းသည် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ရက် (ဆင်ဟွာ) ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) တွင် မိခင်နို့ရည်ဘဏ်ကိုအဆင့်မြှင့်တင်ခြင်း၊ စံသတ်မှတ်ခြင်းများပြုလုပ်၍ နိုင်ငံတကာအဆင့်မီ နို့ရည်ဘဏ်အဖြစ်ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာ့ စီးပွားရေး ဒုတိယ အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ သည် မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ဒစ်ဂျစ်တယ် နည်းပညာချိတ်ဆက်ဆောင်ရွက်မှု ကွန်ရက် တစ်ခုကို တည်ဆောက်ထားသည်။ တရုတ်နိုင်ငံ နှင့်ပတ်သက်သည့် ခံစားချက်များ အတွေ့အကြုံများကို နိုင်ငံခြားသားများ နှင့် မေးမြန်းမှုများအား စုစည်းတင်ဆက်ထားပါသည်။(Xinhua)
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ လုပ်သားများ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုမြင်ကွင်း မှတ်တမ်း video ဖိုင်ဖြစ်ပါသည်။ (Xinhua)
ကိဗ် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံသမ္မတဟန်ဆန်ရိုဟန်နီက ယူကရိန်းလေယာဉ်ပစ်ချခံရမှုအပေါ် တောင်းပန်ကြောင်း နှင့် ယင်းကြေကွဲဖွယ် ဖြစ်ရပ်အတွက် တာဝန်ရှိသူ တစ်ဦးချင်းအား အရေးယူ အပြစ်ပေးသွားမည်ဖြစ်ကြောင်းကတိပြုခဲ့သည်ဟု ယူကရိန်းနိုင်ငံ သမ္မတ၏ သတင်းပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ကြောညာခဲ့သည်။