ဘေရွတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နစ်ဆန်း (Nissan) အကြီးအကဲဟောင်း ကားလို့စ်ဂွန်း (Carlos Ghosn) က ၎င်းအနေဖြင့် ဂျပန်နိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်မှုတွင် ကိုယ်တိုင်လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်အသင်း ၂၀၂၀ ခုနှစ်၊ မတ်လတွင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီနိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက HPV ကင်ဆာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ပေးမည့် ပထမဆုံး ပြည်တွင်းထုတ် ကာကွယ်ဆေးတစ်မျိုး ကို ထောက်ခံ အတည်ပြုခဲ့ကြောင်း အမျိုးသားဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ စီမံခန့်ခွဲမှုဌာန (NMPA) ၏ ထုတ်ပြန်ချက် အရသိရသည်။
ဂျကာတာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၄၃ ဦးသေဆုံးကာ လူဦးရေ ၄၃,၃၉၀,၀၀၀ ဦး နေရပ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းကွေ့တွင် ယနေ့ နံနက် ၁၁ နာရီခန့်က ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး ယာဉ်တစ်စီးချောက်အတွင်းပြုတ်ကျခဲ့ရာ လူ၂၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။