ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဒါရိုက်တာအဖွဲ့က ဗီယက်နမ်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေးဆောင်ရွက်မှုများကို ထောက်ပံ့ကူညီရန် စီးပွားရေးဘဏ်တစ်ခုအား ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခွင့်ပြုခဲ့ကြောင်း ဇူလိုင် ၁၇ ရက်က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် ယနေ့မွန်းတည့် ၁၂ နာရီ မှ နောက် ၄၈ နာရီအတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ စစ်ကိုင်းဒေသကြီး တွင်ချင်းတွင်းမြစ်ရေ၊ ကချင်ပြည်နယ် တွင် ဧရာဝတီမြစ်ရေ များ မြင့်တက်နေသည့် အတွက်...
ဘာလင်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) COVID-19 ရောဂါက ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်လာချိန်တွင် တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ စီးပွားရေးအတွက် “နံပါတ်တစ် ပို့ကုန်တင်ပို့ရာနိုင်ငံ” ဖြစ်လာကြောင်း ဂျာမန် စီးပွားရေးအဖွဲ့အစည်း (IW) က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သော လေ့လာမှုအရ သိရသည်။
ဝါရှင်တန် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ တွင် လွန်ခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၇၂,၀၄၅ ဦး ရှိခဲ့ပြီး တစ်ရက် အတွင်း ရောဂါ ကူးစက်ခံရသူ တိုးမြင့်မှု စံချိန်သစ် ထပ်မံတင်...
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂွေးပဇင်ကျေးရွာအုပ်စု တောင်သူတစ်ဦး ၏ လယ်မြေမြောင်းဘောင်ရှိ နဗူးပင်များတွင် ကျိုင်းကောင်(နှံကောင်)များ အများအပြားကျရောက်နေကြောင်း နယ်မြေကွင်းတာဝန်ခံ၏ အသိပေးအကြောင်းကြားမှုအရ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ရာ အုပ်စုဖွဲ့ဖျက်ဆီးစားသောက်တတ်သော ကန္တာရကျိုင်းကောင်များ မဟုတ်ဘဲ အဝါရောင် အစက်ပြောက်နှံကောင်(သို့)...