ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတော်သို့ အခွန်ပေးဆောင်ကြသော ကုမ္ပဏီများ၏ အခွန်ပေးသွင်းခြင်းလုပ်ငန်းစဉ်တွင် ငွေသား/ချက်လက်မှတ်ဖြင့်ပေးသွင်းနေမှုအစား အီလက်ထရောနစ်ငွေပေးချေမှု စနစ်များဖြင့် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ကဆင်ဟွာကို ဇူလိုင် ၁၈ ရက်တွင် ပြောသည်။
ချန်တူး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ လေတပ်၏ Y-9 ဆေးဘက်ဆိုင်ရာသုံးလေယာဉ်သည် ယခုတစ်ပတ်အတွင်း ပထမဆုံးလွှဲပြောင်း ပို့ဆောင်ရေးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်အဆိုအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဝါးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးဇော်မိုးကို တရားမဝင်ကျွန်းသစ်များသယ်ဆောင်သူများထံမှ ငွေကျပ်၂၄၅သိန်း လာဘ်ယူသောကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ဘော်ဒါဆောင်ရှိသော ကိုယ်ပိုင်ကျောင်းများ၊ ဘော်ဒါနှင့် ချိတ်ဆက်ထားသော ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများ၊ ကျောင်းများ မပါဝင်ကြောင်း၊ ဖွင့်ခွင့် မရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်...
နေပြည်တော်၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) အမျိုးသား အဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှု ယန္တရား (NCM:_ National Complaints Mechanism) ထူထောင်ဆဲ ကြားကာလတွင် တိုင်ကြားသည့် အမှုပေါင်း ၃၇၈ မှု အနက် ၂၁၇ မှုတို့ ကို ဖြေရှင်း ပိတ်သိမ်းနိုင်ခဲ့ကြောင်း၊...