နယူးဒေလီ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ကြက်သွန်နီများ အပြည့်အသိပ်တင်ဆောင်လာသော ထရပ်ကားတစ်စီး ပြန်ပေးဆွဲခံရပြီးနောက် ကြက်သွန်နီများ လုယက်ခံရကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒက်ဟမ်းမားဂျိုးလ်နှင့် အတူလိုက်ပါလာသည့်ပါတီဝင်များ သေဆုံးမှု ကိုစုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် သောကြာနေ့ကချမှတ်ခဲ့သည်။
ဟာဘင်၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်၊ ဟာဘင်မြို့တွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ရေခဲ နှင်းကမ္ဘာဥယျာဉ်ကို ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ကမ္ဘာကျော်ကာတွန်းဇာတ်ကားFrozen ၏ အံ့ဖွယ်ထူးခြားလှပသည့် ရေခဲ နှင့် နှင်းများအတိဖြစ်နေသည့် မြင်ကွင်းကိုလည်း ဟာဘင် ရေခဲ နှင်းကမ္ဘာဥယျာဉ်တွင် မြင်တွေ့ ခံစားနိုင်မည်ဖြစ်သည်။(Xinhua)
ဘန်ကောက်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက ၃၉ သန်းမြောက် ကမ္ဘာလှည့်ခရီးသွားဧည့်သည်ကို သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဒီဇင်ဘာ ၂၇ ရက်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။