ခတ္တမန္ဒူ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း Myagdiခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့သဲကျောက်မြေစီးဆင်းမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း နီပေါနိုင်ငံ ရဲတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ဇူလိုင် ၁၁ ရက်က မေရီလန်းပြည်နယ်ရှိ Walter Reed အမျိုးသားစစ်ဘက်ဆိုင်ရာ ဆေးကုသရေးစင်တာသို့သွားရောက်စဉ် အများရှေ့တွင် ပထမဆုံးအကြိမ် နှာခေါင်းစည်းတပ်ဆင်ခဲ့ကြောင်း သိရသည်။
ဂျိုဟန်နက်စ်ဘတ် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့အနောက်ပိုင်း Zuurebekom မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ ဇူလိုင် ၁၁ ရက် နံနက်အစောပိုင်းက ဘုရားကျောင်းအတွင်း ဖမ်းဆီးခံထားရသည့် ဓားစာခံများအား ကယ်တင်မှု ပြုလုပ်စဉ် အနည်းဆုံး လူပေါင်း ၅ ဦးသေဆုံးပြီး ၄၀ ကျော်ဖမ်းဆီး ခံရကြောင်း...
ပေကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စားပွဲတင် တင်းနစ်တက္ကသိုလ်တွင် “Pong Bot”ဟုခေါ်သော စားပွဲတင် တင်းနစ်ရိုက်နိုင်သော စက်ရုပ်များအသုံးပြု၍ ဘောလုံးလေ့ကျင့်ရေးသင်တန်း ပေးနေမှုအား ဤဗီဒီယိုတွင် တွေ့မြင်နိုင်ပါသည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ပြည်ပက ပြန်လာသူ၄ဦးထံမှ ယနေ့ COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ရောဂါ အတည်ပြုလူနာ ၃၃၀ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။