ရှန်ဟိုင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) BRICS New Development ဘဏ် (NDB) က အာရပ်စော်ဘွားများပြည်ထောင်စု၊ ဥရုဂွေးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများအား အဖွဲ့ဝင်နိုင်ငံအသစ်များအဖြစ် ဖြည့်သွင်းကြောင်း စက်တင်ဘာ ၂ ရက် မွန်းတည့်ချိန်က ကြေညာခဲ့သည်။
ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယားတွင် Caldor တောမီးလောင်ကျွမ်းမှုသည် စက်တင်ဘာ ၁ ရက်အထိ ဧက ၂၀၀,၀၀၀ ကျော်လောင်ကျွမ်းထားပြီး South Lake Tahoe မြို့ အရှေ့ဘက်ရှိ Meyers ရပ်ကွက်သို့ ဆက်လက် ကူးစက်ပျံ့နှံ့နေကြောင်း မီးသတ်တာဝန်ရှိသူများက ပြောခဲ့သည်။
အမ်မန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဒါရိုက်တာများအဖွဲ့က ဂျော်ဒန်နိုင်ငံတွင် COVID-19 ကပ်ရောဂါမှ စီးပွားရေးနာလန်ထူရေးလှုံ့ဆော်ရန် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့ကြောင်း ဘဏ်က စက်တင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
မန္တလေး၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) မန္တလေးမြို့ အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးက မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး အရပ်ဖက် လူမှုကယ်ဆယ်ရေးအဖွဲ့များအား ဩဂုတ် ၃၁ ရက်တွင် အောက်ဆီဂျင်စက် (Oxygen Concentrator)များ ပေးအပ်လှူဒါန်းခဲ့ကြောင်း မန္တလေးအခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ရုံး၏ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ကဘူးလ် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) တာလီဘန်ခေါင်းဆောင်များသည် အစိုးရသစ်ဖွဲ့စည်းရေး ဆွေးနွေးမှုများ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ဒေသတွင်း မီဒီယာက စက်တင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။